Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Thursday, February 23, 2012

ကြုံတောင့်ကြုံခဲ ရွှေတိဂုံ နှစ် ၂၆ဝဝ ပြည့် ပူဇော်ပွဲ


ဤကမ္ဘာလောက၌ ဂေါတမ ဘုရားရှင်ပွင့်တော်မူခဲ့သည်မှာ နှစ် ပေါင်း ၂၆ဝဝ တိုင်ခဲ့ပြီဖြစ်ပါ၏။ မြတ်စွာဘုရားရှင်သည်ဒုက္ကရစရိယာ အကျင့်မြတ်ကို ခြောက်နှစ်မျှ ကျင့် တော်မူပြီးနောက် သဗ္ဗညုတ ရွှေ ဉာဏ်တော်ကို ရရှိတော်မူခဲ့ပါ၏။ ဘုရားရှင်အဖြစ်သို့ ရောက် တော်မူပြီး သတ္တာ သတ္တဟ စံနေ တော်မူစဉ် မွန်နိုင်ငံတော် အသိ တဥနာဂိုရ် ပြည်မှ ကုန်သည် ညီ နောင်ဖြစ်သော တဖုဿနှင့် ဘလ္လိက တို့သည် ရာဇယတနတွင် ဗုဒ္ဓအား ဖူးမြော်ခွင့်ကြုံပါ၏။ ဘုရားရှင်က တရားတော်များ ဟောကြားတော်မူ ပြီး ဆံတော်များကို ပူဇော်ရန် ပေး ခဲ့သဖြင့် လက်ခံပြီး နေရပ်သို့ပြန်လာ ပါ၏။ ထိုဆံတော်များကို ဋ္ဌာပနာ တော်မူ၍ မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ် တပေါင်းလပြည့်နေ့တွင် ရွှေ တိဂုံစေတီတော်မြတ်ကြီးကို တည် တော်မူခဲ့သည်ဟု အဆိုရှိပါ၏။ မြတ်စွာဘုရားရှင်သည် ဘုရား အဖြစ်ရောက်တော်မူပြီး ၄၅ ဝါ ပတ်လုံး တရားတော်များ ဟောကြား ကာ သတ္တဝါဝေနေယျတို့ကို ကယ် ချွတ်တော်မူခဲ့ပါ၏။ ထိုဘုရားအဖြစ် ရတော်မူသော ၄၅ ဝါ၊ (၄၅)နှစ်နှင့် သာသနာနှစ် ၂၅၅၅ ကို ပေါင်း သော် နှစ်ပေါင်း ၂၆ဝဝ ဖြစ်ပါ၏။ သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် အဓိကရ တည်ရှိနေပါသော လေးဆူဓာတ်ပုံ ရွှေတိဂုံ စေတီတော်မြတ်ကြီးသည် မြတ်စွာဘုရားရှင် ပွင့်တော်မူသည်မှ ယခုတိုင် မြဲမြံခိုင်ခိုင် တည်ရှိနေသော မြတ်ဗုဒ္ဓသာသနာ၏ မော်ကွန်း သက်သေကြီးလည်း ဖြစ်ပါ၏။ ၁၇၇၅ ခုနှစ် မတ်လ ၁၅ ရက်၊ (တပေါင်းလပြည့်နေ့)က ထီးတော် တင်ပွဲ အခမ်းအနားကို ကျည်းကန် ရှင်ကြီး ရှင်နန္ဒဓဇက ရွှေတိဂုံ မေတ္တာစာကို ဤသို့ဖွဲ့ဆိုခဲ့ပါ၏။ ”ပန်းမျိုးစုံ စီသီကာကုံးလို့ ထီး တံခွန်တွေ၊ အဝေဆုံးနှင့်၊ ငါးကြော် သားကြော် အဆီတုံးနှင့်၊ ဆွမ်းသင် ပုတ်တော်ကိုယ်တော်သုံးဖို့၊ ဖက်စိမ်း ထွန့်ချွန် ယဉ်ရုံဖုံးလို့၊ အပျိုအအို တပြုံးပြုံးမို့၊ အမြိုင်မြိုင်ဆံတော် ရင်းမှာ၊ အပြိုင်ပြိုင်လှူဖွယ်ခင်းလို့ ပလုတ်တုတ်သံ ပြုတ်ပြုတ်ပြုန်းနှင့်၊ ဆိုင်းသံ စည်သံညံညံအုန်းစ။ ပရိ သတ်တွေခြိမ့်ခြိမ့်ရုံးလို့”ဟု ဖွဲ့ဆို ခဲ့သည်။ ၁၈၄၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက် တနင်္ဂနွေနေ့တွင် အနောက် နန်းမိဖုရား မမြကလေးက ရွှေတိဂုံ စေတီတော်ကြီး အနောက်စောင်း တန်းဆောက်လုပ်ရန် သစ်ပျဉ်ကံ ကျွေး လက်ခငွေများ ဆက်သရာ မိဖုရားခေါင်ကြီးနှင့်အတူ သာယာ ဝတီမင်းကြီးသည် ရေစက်သွန်းချ တော်မူခဲ့ပါ၏။

ထိုအချိန်က နန်းမ တော် မမြလေးက သီကုံးခဲ့လေ သလောဟု ထင်ရသည့် သဖြန် တစ်ပုဒ်တွင်-
စိမ်းပြာလဲ့မှုံ ရဂုံကမှိုင်း
မြူခိုးရယ် မှောင်မှောင်နှင့်
သည်တောင်မှာ ရွှေရောင်ဖုန်း တယ်
ကုန်းမြတ် သမိုင်း။
ဟု အဆုံးသတ်ထားသော လွမ်းဖွယ် ရွှေတိဂုံကို သမိုင်းတွင် မှတ်မှတ်သားသား ရှိခဲ့ရပါသည်။
ထိုနည်းတူစွာပင် မြန်မာမင်း အဆက်ဆက်က ရွှေတိဂုံစေတီ တော်မြတ်ကြီးအား ပြုပြင်မွမ်းမံ တည်ဆောက်ခဲ့ကြပုံ၊ ထီးတော်များ တင်လှူခဲ့ကြပုံ၊ အကြိမ်ကြိမ်လှုပ်ခဲ့ သော ငလျင်ကြီးများကြောင့် ပြို ကျပျက်စီးခဲ့ရာတွင် မင်းနှင့် ပြည်သူ၊ ညီတူစိတ်ထား သဒ္ဓါများ၍ ပြန် လည် မွမ်းမံ လှူဒါန်းခဲ့ကြပုံများကို သမိုင်းမှတ်တမ်း အစောင်စောင်တွင် တွေ့မြင်ဖတ်ရှု သိရှိခဲ့ရပါ၏။

မြန်မာလူမျိုးတို့သည် သမိုင်း ဆိုင်ရာ အထောက်အထား အချက် အလက်တို့ကို မှတ်သား စုဆောင်း ရာတွင် အားနည်းလှသည့်ဟု အနောက်နိုင်ငံသားတို့ကဆိုခဲ့သည် ကိုလည်း တွေ့ရပါ၏။ သို့သော် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ သမိုင်းနှင့် ပတ်သက်၍ ပြည်တွင်း ပြည်ပ အထောက်အထားများနှင့် ညှိနှိုင်းထောက်ဆ၍ ပြုစုခဲ့သော မှတ်တမ်းမှတ်ရာများ အမြောက် အမြားရှိခဲ့သည်ကို တွေ့ရမည်ဖြစ်ပါ ၏။

ဗုဒ္ဓဝင်ကျမ်းများအလိုအရ ဗုဒ္ဓ နှင့် ကုန်သည်နှစ်ဦး တွေ့ဆုံခန်းကို ‘ဝိနယပိဋက’တွင် တွေ့ရပါ၏။ (ဆံ တော်စွန့်လိုက်သည်ဟုတော့ မတွေ့ ရပါ)သို့သော်လည်း နှစ်ပေါင်း ၁ဝဝဝ ကျော်အကြာ အေဒီ ၁၅ ရာစုထိုး၊ မွန်ကျောက်စာများနှင့် အဋ္ဌကထာ များတွင်မူ ဆံတော်စွန့်လှူလိုက် ကြောင်း ဖော်ပြချက်များကို တွေ့ရပါ ၏။
မည်သို့ဆိုစေ အေဒီ ၃ ရာစု တွင် အိန္ဒိယတောင်ပိုင်း နဂရ်ဇဏိ ကောဏ္ဍကျောက်စာနှင့် ယင်းအေဒီ ၃ ရာစုမှာပင် ရေးသားခဲ့သော ‘စန်ဒုဖူ’ တရုတ်မှတ်တမ်းများအရ မြန်မာနိုင်ငံတွင် ဗုဒ္ဓအယူဝါဒသည် ထိုရာစုနှစ် များမှာပင် သာသနာ ထွန်းကားနေပြီဖြစ်သည်ကို တွေ့နိုင် ပါ၏။
အံ့ချီးမကုန်မြတ်ရွှေတိဂုံ
ယခုဖူးတွေ့နေရသော ရွှေတိ ဂုံစေတီတော်မြတ်ကြီး၏ ဥာဏ် တော်မှာ ၃၂၆ ပေမြင့်ပါ၏။ သို့ သော် မူလရွှေတိဂုံစေတီတော်၏ အမြင့်မှာ ၆၆ ပေမျှသာဖြစ်ပါ၏။ ယခု ဖူးတွေ့ရသော စေတီပုံမျိုး လည်းမဟုတ်ဘဲ အေဒီ ၅ ရာစုမှ ၁၅ ရာစုအတွင်း မြန်မာနိုင်ငံတွင် ခေတ်စားခဲ့သော တိုက်စေတီပုံဖြစ် ခဲ့ပါ၏။ အေဒီ ၁၄ ရာစုတွင် ယင်း စေတီမှာ ပြိုပျက်နေပြီဖြစ်ပါ၏။ ရွှေ တိဂုံစေတီတော်ကြီးနှင့် ပတ်သက် သော ရှေးအကျဆုံး အထောက်အ ထားအဖြစ် အေဒီ ၁၅ ရာစုနှောင်း ပိုင်းက ရေးထိုးခဲ့သည့် ပါဠိ၊ မွန်၊ မြန်မာကျောက်စာများကို တွေ့ရပြီး ယင်းကျောက်စာများကို ရွှေတိဂုံ စေတီတော်ကြီး အရှေ့ဘက်စောင်း တန်း၏မြောက်ဘက်အလယ်ပစ္စယံ တွင် တွေ့နိုင်ပါ၏။ ထိုကျောက်စာ များအရ ရွှေတိဂုံစေတီတော်ကြီး၏ Óာဏ်တော်အမြင့်မှာ ဆင်ဖြူရှင်မင်း လက်ထက်တွင် စေတီအိမ်ပြာသာဒ် ကို ပယ်၍အတောင် ၄ဝ မြင့်သော စေတီကိုတည်ခဲ့ပုံ၊ သက္ကရာဇ် ၈၃၁ တွင် ဗညားဗ ရူး၏ ညီဝမ်းကွဲ ဓမ္မဇေ တြလောကျနာထ ရာဇဓိရာဇ်ဘွဲ့ခံ ဗညားကျန်းတော မင်းပြုသောအခါ မယ်တော်ဝိဟာရ ဒေဝီမိဖုရားကြီး သည် အမြင့် ပေ ၃၂ဝအထိ တည် ထားပြီးဖြစ်၍ ဗညားကျန်းတောက စေတီတော်ကို အင်္ဂတေကိုင်ပြီး ထီး တော်တင်ခဲ့ပုံများကို သမိုင်းမှတ်တမ်း များတွင် တွေ့ရပါသည်။
ဘက်စုံထောင်စုံရွှေတိဂုံ
ရွှေတိဂုံသည် မြန်မာတို့၏ ကိုး ကွယ်ယုံကြည်ဆည်းကပ်ရာဖြစ်သ လို မြန်မာတို့၏ပထဝီသမိုင်း (င လျင်အကြိမ်ကြိမ်လှုပ်ခဲ့ပုံ) မြန်မာတို့ ၏ နိုင်ငံရေးသမိုင်း၊ မြန်မာမင်းတို့ ၏ အောင်မြေနင်းပုံ၊ မြန်မာတို့၏ နယ်ချဲ့တော်လှန်ရေးဆင်နွှဲပုံများတွင် အထိကရအဓိကအခန်းမှ ပါဝင်နေ သည်ကို တွေ့ရမည်ဖြစ်ပါ၏။ သမိုင်းမှတ်တမ်းများအရ မြန်မာ သက္ကရာဇ် ၇၉ဝ (အေဒီ ၁၄၃၆) ဗညားရန်ခိုက်မင်း၊ အေဒီ ၁၅၆၄ (ဘုရင့်နောင်မင်း)၊ အေဒီ ၁၆ဝ၈၊ အေဒီ ၁၆၁၆ (ဗညားဒလမင်း)၊ အေဒီ ၁၆၂ဝ နိုဝင်ဘာ (အနောက် ဘက်လွန်မင်း)၊ အေဒီ ၁၆၄၄ (သာ လွန်မင်း)၊ အေဒီ ၁၆၅၂ (ပင်းတလဲ မင်း)၊ အေဒီ ၁၆၆၂ (ပြည်မင်း)၊ အေဒီ ၁၆၆၄၊ အေဒီ ၁၆၇၉ (မင်းရဲ ကျော်ထင်)၊ အေဒီ ၁၉၆၈ ဇွန်လ ၁၃ (ဆင်ဖြူရှင်မင်း)၊ ၁၉၃ဝ မေလ ၅ ရက်နှင့် ၁၉၇ဝ သြဂုတ်လ ၂ဝ ရက်တို့တွင် ငလျင်များလှုပ်ခတ်ခဲ့ ရာ ရွှေတိဂုံစေတီတော်ကြီးအား ထိခိုက်မှု ရှိခဲ့သဖြင့် ပြုပြင်မွမ်းမံ ခြင်း၊ ထီးတော်တင်ခြင်း၊ စိန်ဖူး တော်၊ ငှက်မြတ်နားတော်များ ပြု ပြင်ခြင်းတို့ကို ပြုလုပ်ခဲ့ရပါ၏။ ရွှေတိဂုံစေတီတော်မြတ်ကြီး သည် သင်္ခါရနှင့်သဘာဝ ဓမ္မတရား အရ ငလျင်လှုပ်ခြင်း၊ မီးလောင် ကျွမ်းခြင်းတို့ကိုလည်း ခံခဲ့ရပါ၏။ ၁၉၃၁ ခုနှစ် မတ်လ ၆ ရက်နေ့ တွင် အနောက်ဘက်စောင်းတန်းမှ စ၍ လောင်ခဲ့သော မီးသည် စေတီ တော်ကြီးနှင့်အရှေ့ဘက်စောင်းတန်း အထိ မီးကူးစက်လောင်ကျွမ်းခဲ့ရာ သမိုင်းတန်ဖိုးများစွာ ဆုံးရှုံးခဲ့ရပါ၏။ သို့သော်လည်း သဘာဝတရား ကြီးကို ကြံ့ကြံ့ခံကာ သိင်္ဂုတ္တရ ကုန်း တော်မြတ်၌ ငွါးငွါးစွင့်စွင့် တင့်တင့် တယ်တယ်သပ္ပာယ်လှစွာရွှေအဆင်း ဖြင့် ပဝင်းလျက်ရှိတော်မူသော ရွှေတိ ဂုံစေတီတော်မြတ်ကြီးသည် နှစ် ၂၆ဝဝ တိုင်တိုင်တိုး၍တိုး၍သာ ကြည်ညိုသဒ္ဓါပွားဖွယ်ဖူးတွေ့ရပါ၏။
၂၆ဝဝ ပြည့် ဗုဒ္ဓပူဇနိယပွဲတော်
မြန်မာသက္ကရာဇ် ၁၃၇၃ ခုနှစ် တပေါင်းလပြည့်နေ့ (၂ဝ၁၂ ခုနှစ် မတ်လ ၇ ရက်)သည် ရွှေတိဂုံ စေတီတော်ကြီး နှစ် ၂၆ဝဝ ပြည့် နေ့ထူးနေ့မြတ်ဖြစ်ပါ၏။ ထိုနေ့ မ တိုင်မီ ၁၅ ရက်(ဖေဖော်ဝါရီ ၂၂ ရက်)မှ စတင်၍ ရွှေတိဂုံစေတီ တော်မြတ်ကြီးတွင် ကြုံတောင့်ကြုံခဲ နှစ် ၂၆ဝဝ ပြည့်ဗုဒ္ဓပူဇနိယပွဲတော် ကြီးကို ကျင်းပမည်ဖြစ်ပါ၏။ ပွဲတော် ကြီးတွင် သံဃာတော် အပါး ၂၆ဝဝ ဖြင့် ရွှေတိဂုံစေတီတော်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာတင်ပြီး သံဃာတော်အပါး ၂၆ဝဝ အား ဆွမ်း ဆန်တော်များ လောင်းလှူခြင်း၊ ပွဲ တော်ကာလအတွင်း ဓမ္မဒေသနာ တော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ နိဗ္ဗာန်ဈေးပွဲတော်များ၊ ဆွမ်းပန်းရေ ချမ်း၊ ဆီမီးကပ်လှူပူဇော်ခြင်း၊ ရိုးရာ ထမနဲပွဲများ ကျင်းပခြင်းတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပကြမည် ဖြစ်ပါ၏။ ပွဲတော်ကာလအတွင်း သိဂုင်္တ္တ ရကုန်းတော်ကြီးတွင် ဖူးပွင့်ဝေဆာ နေသော ပန်းပင်ပေါင်း ၅၄ဝဝဝဝ ကို စိုက်ပျိုးလှူဒါန်းလျက် ကုန်း တော်တစ်ခုလုံး ပန်းပေါင်းစုံဝေဆာ ပွင့်ဖူးသည့် ပန်းပင်လယ်ကြီးပမာ ပန်းပူဇော်ပွဲကြီးကိုလည်း ကျင်းပ မည်ဖြစ်ရာ ရွှေတိဂုံစေတီတော် သမိုင်းကာလတစ်လျှောက်တွင် အ ထူးခြားဆုံး ပွဲတော်ကြီးတစ်ခုလည်း ဖြစ်လာမည်ဖြစ်ပါကြောင်း တင်ပြ လိုက်ရပါ၏။
သိန်းအေး
ရည်ညွှန်း-
-မြတ်လှအစုံ ရွှေတိဂုံ(တင်လှသော်)
၁-၁ဝ-၇ဝ နေ့ထုတ်ပြည်သူ့ကြယ်ဂျာနယ်
- ရွှေတိဂုံစေတီတော်သမိုင်း(တင်လှသော်)
၁-၈-၇ဝ ပြည်သူ့ကြယ်
-Myanmar Newsweek




                                                                             Myanmar Expressမှကူးယူဖော်ပြသည်။

Tuesday, February 21, 2012

ရုရှားရောက် ပညာတော်သင်တွေ ရုရှားမှာ ဘယ်လိုနေထိုင်နေကြသလဲ



ရုရှားသတင်းစာက ပြောသော ရုရှားပညာတော်သင်များအကြောင်း
ရုရှားရောက်ပညာတော်သင်အရာရှိများ၏ နေထိုင်မှူပုံစံကို ရုရှားနိုင်ငံသတင်းစာတစ်စောင်မှ
အောက်ပါအတိုင်းရေးသားဖြန့်ချီထားခဲ့ပါသည်။ယမန်နှစ်က ပျံနှံခဲ့သော သံအမတ်ကြီး၏ သတိပေးစာတုအတုပြုလုပ်ချက်များအတွင်း၌ ဖော်ပြသကဲ့သို့နေထိုင်ခြင်းလည်းမရှိ ကျောင်းမှ နှင်
ထုတ်ခြင်းများလည်းမဟုတ်ပဲ မြန်မာပြည်မှလာသာ ပညာတော်သင်ကျောင်းသားများ အကြောင်း
ကို အောက်ပါအတိုင်း ရေးသားခဲ့ပါသည်။
///////////////////////////////////////////////////////////////////////////////////////////
 ခင်ဗျားတို့ မြန်မာအကြောင်းသိကြပါရဲ့လား..
လူတော်တော်များများကတော့ ဒီနိုင်ငံအကြောင်းမေးကြပြောကြပါလိမ့်မယ်..အဲ.လူအနည်းငယ်
ကပဲ ရှင်းပြပါလိမ့်မယ်..သူတို့ရဲ့ လူမျိုးဓလေ့ထုံးစံတွေယဉ်ကျေးမှူတွေနေထိုင်မှူတွေကိုပေါ့..။လွန်
ခဲ့တဲ့ ၁၀ နှစ် ကစပြီး မြန်မာကျောင်းသားတွေဟာ ကျွန်တော်တို့တက္ကသိုလ်တွေကနေ စာသင်နှစ်တလျှောက်လုံးကို ထူးထူးချွန်ချွန်နဲ့အောင်မြင်ခဲ့ကြတာပါ..သူတို့ဟာ ရုရှားကျောင်းသား
တွေနဲ့ ရင်းရင်းနှီးနှီး စကားတွေပြောကြ ဘောလုံးအတူတူကစားကြ သီချင်းတွေဆိုကြ ကကြခုန်ကြနဲ့ တသားတည်းဖြစ်နေတာလေ..။

ကျွန်တော်တို့ရဲံ သတင်းထောက်တွေက မြန်မာကျောင်းသားတွနဲ့ ကျွန်တော်တို့သတင်းဌာနနဲံ ပထမဆုံးအကြိမ်တွေ့ဆုံပြီး သူတို့ရဲ့ ကိုးကွယ်မှူ ၊ ပွဲတော်ကျင်းပမှူတွေ ၊ အစားအသောက်ဓလေ့ နဲ့ ပတ်သတ်မှူဆိုင်ရာ အဝဝ ကို လေ့လာကြဖို့  ဆုံးဖြတ်လိုက်ကြပါတယ်..။
ကဲ..အခု မြန်မာကျောင်းသားတွေဆီ သွားကြစို့...။

ဘာသာစကားအခက်အခဲ
ရုရှားစကားဟာ ကမ္ဘာပေါ်မှာအခက်ဆုံးဘာသာရပ်တစ်ခုပါ..အထူးသဖြင့် အာရှဒေသက လာ
တဲ့ လူတွေအတွက်တော့ ပိုဆိုးပေါ့ဗျာ.။မြန်မာကျောင်းသားတွေဟာ ရုရှားကိုမလာခင်မှာ သူတို့အမိမြေမှာ ၆ လတာမျှ ရုရှားစကားကို သင်ကြားရပါတယ်။ရုရှားကိုရောက်တော့လည်း တစ်နှစ်ထပ်သင်ရပါတယ်။တကယ်တမ်းတော့ နောက်ပိုင်းမာစတာသင်ရိုးညွှန်းတမ်းတွေမှာလည်း ရပ်မသွားပါဘူး..ဆက်လက်သင်နေရပါတယ်။
(အဘယ့်ကြောင့်ဆိုသော်-ရုရှားဘာသာစကားသည် စကားပြောဆိုလျှင်တမျိုးဖြစ်ပြီး သိပ္ပံဆိုင်
ရာဘာသာရပ်ဆိုင်ရာများတွင်သုံးသော စကားလုံးများက မတူသောကြောင့် သင်တန်းနှစ်အလိုက် ဘာသာရပ်ဆိုင်ရာအထောက်အကူပြု သုတေသနနှင့်သိပ္ပံပညာရပ်ဆိုင်ရာ အခေါ်အဝေါ်များအတွက်ပါ ဘာသာစကားကို အမြဲတမ်းလေ့လာသင်ယူရပါတယ်..=ဘာသာပြန်ဆိုသူ၏ ဖြည့်စွက်ချက်)
 ဘာသာစကားဟာလူနေမှူဘဝဆက်သွယ်ရေးမှာဘယ်လောက်အရေးပါတာကို လူတိုင်းသိပြီးသားပါ။တခါတရံမှာ ရုရှားစကားဟာ case ပြောင်းလဲမှူနဲ့စကားလုံးအဆုံးသတ်မှူတွေဟာ ခက်ခဲလွန်းပါတယ်။
ရုရှားဆရာတွေနဲ့ မြန်မာကျောင်းသားတွေဟာ အရမ်းရင်းနှီးပွင့်လင်းစွာ ဆက်ဆံမှူရှိပါတယ်။
သူတို့ဟာ ဆရာတွေနဲံဆိုရင် စကားတွေအများကြိးပြောကြတယ်..ကျောင်းပိတ်ရက်တွေ ပျော်ပွဲရွှင်ပွဲတွေနဲ့ လေ့လာရေးခရီးတွေနဲံ့
တခြားသော ခရီးများကိုပါ အတူတကွ သွားရောက်ကြတာတွေ့နိုင်ပါတယ်။
မြန်မာလူငယ်တွေအနေနဲ့ရုရှားကျောင်းသားတွေထဲမှာ သူငယ်ချင်းမိတ်ဆွေတွေအများကြီးရှိတတ်ကြပြီး ကျောင်းသားအချင်းချင်း တယောက်ဆီတယောက်သွားလည်တာတွေ နှစ်နိုင်ငံကြား ယဉ်ကျေးမှူဖလှယ်ပွဲတွေကို ကျင်းပတတ်ကြပါသေးတယ်။အားလပ်ချိန်တွေမှာလည်း တင်းနစ်ကစားချင်းလိုမျိုးအားကစားတွေအတူတူ ကစားခြင်းနဲံ အတူတူပျော်ရွှင်စွာ နေကြပါတယ်။မကြာခင်ကာလမှာလည်း မြန်မာကျောင်းသားတွေဟာ 
ZELENOGRAD(အစိမ်းရောင်မြို့ ..=မြန်မာနိုင်ငံရှိပြင်ဦးလွင်ကဲ့သို့မြို့)မြို့ထဲကို ခရီးတစ်ခုအတူတူသွားကြမယ်လို့ သိရပါသေးတယ်။
မြန်မာတွေဟာ ရုရှားကျောင်းသားတွေကို သူတို့ ပတ်ဝန်းကျင်မှာ သူတို့ကိုယ်ပိုင်စကားလုံးတွေနဲ့  နာမည်ပြောင်တွေပေးထားတာကိုလည်း ရယ်စရာတခုအနေနဲ့ တွေ့ရပါသေးတယ်။ဥပမာ.ကတုံးတုံးထားတဲ့လူကို ပြောင်ကြီး ။ ခပ်ဝဝ လူ
ကို ဖက်တီး ဆိုတာမျိုးတွေပေါ့ဗျာ။
 စိတ်ဝင်စားဖွယ်ကောင်းတာတစ်ခုက သူတို့မှာ ကျွန်တော်တို့လို့  middle name မိသားစုနာမည် မရှိတာပါပဲ.သုတို့အချင်းချင်းကတာ့ မွေးကတည်းက ပေးထားတဲ့
ငယ်နာမည်တွေခေါ်ကြပါတယ်တဲ့။မြန်မာကျောင်းသားနာမည်တွေဟာ ဆင်တူတာတွေများပြီး
အဓိပ္ပါယ်တွေမတူပါဘူးတဲ့..။

စာသင်နှစ်တွေက သူတို့အတွက်မလွယ်ပါဘူး..သူတို့စာမေးပွဲတွေကို အောင်အောင်မြင်မြင်ဖြတ်သန်းနိုင်ဖို့ ဘယ်သူတစ်
ဦးတစ်ယောက်မှ မကူညီပဲ ကိုယ်ပိုင်အသိဥာဏ်နဲ့ ဖြေဆိုရပါတယ်.သူတို့အချင်ချင်းအတန်းဖော်အချင်းချင်းလည်း ကူညီမှူအပြည့်ရှိတာ တွေ့ရပါတယ်။သူတို့ဟာ ကျွန်တော်တို့လိုပဲ တစ်နှစ် ၂ ခါ စာမေးပွဲဖြေရပါတယ်။ ဒါကြောင့်လည်း သူတို့တွေဟာ တခါတရံမှာ ရုရှားကျောင်းသားတွေနဲ့ကွဲပြားတဲ့ သင်ရိုးညွှန်းတမ်းတွေမှာမပါသေးတဲ့ Special Program တွေကို လေ့လာခွင့်ရကြပါတယ်။

မြန်မာကျောင်းသားတွေဟာ စားပွဲတင်တင်းနစ် ဘောလုံးအားကစားနဲ့ အနောက်တိုင်းအက/အ
ရှေ့တိုင်းအကတွေကို ကျွမ်းကျင်သူတွေဖြစ်တယ်ဗျ..အထူးခြားဆုံးကတော့ ဂီတာ နဲ့စန္ဒာယားကို ကောင်းမွန်စွာတီးတတ်သူတွေပါသလို ရုရှားသီချင်းတွေကိုသာမက သီချင်းများစွာကို ကျွမ်းကျင်စွာ တတ်မြောက်ကြသေးတယ်..သူတို့ကိုယ်တိုင် ရုရှား သီချင်းတွေ
တောင် စပ်ဆိုလိုက်ကြပါသေးတယ်..
အဲ..ဆောင်းတွင်းမှာဆိုရင်တော့ အဆောင်ပြင်ထွက်လမ်းလျှောက်ခဲပါတယ်..ဒါကလည်း မြန်မာနိုင်ငံမှာ အအေးဆုံးလတွေဟာ နိုဝင်ဘာကနေဇန်နဝါရီ အထိရှိပြီး ၁၅ံC လောက်သာရှိတာမို့..သူတို့အတွက် ရုရှားဆောင်းတွင်းမှာ အပြင်မှာတွေ့ရခဲတာ မဆန်းပါဘူးခင်ဗျာ။

အစားအသောက်အနေနဲ့ ဆန်ကို အဓိက ထားစားပါတယ်..
ဟင်းကိုတော့ ပဲတောင့်ရှည်သီးတွေ ပဲအမျိုးမျိုးနဲံ ဟင်းသီးဟင်းရွှက်တွေကို ဟင်းခတ်အမွှေးအကြိုင် မျိုးစုံနဲ့ ချက်စားကြပါတယ်..။အသားတွေကိုလည်း အမျိုးမျိုးပြုလုပ်
စားသောက်တတ်ပါတယ်။ မြန်မာတွေဟာ ရောက်ခါစမှ အစားအသောက်နဲံပတ်သတ်ပြီး တော်တော်ဒုက္ခရောက်ပါတယ်။နောက်ပိုင်းတော့ သူတို့အဆင်ပြေအောင် နေသွားနိုင်ပါတယ်။တွေ့တဲံ့လူတိုင်းကို လည်းသူတို့နဲ့ အတူတူစားဖို့သောက်ဖို့ အမြဲဖိတ်တတ်တယ်ခင်ဗျ။
နိဂုံးအပိုင်းမှာတော့ ထေရာဝါဒရဲ့ အနှစ်သာရကို ရုရှားလူမျိုးများနားလည်အောင် အကျယ်တဝင့်ရှင်းပြထားပါတယ်
(စာရှည်နေမှာမို့ မဖော်ပြတော့ပါ) 
မြန်မာတွေဟာ မွေးနေ့အလိုက် နာမည်ပေးမှူနဲ့ မွေးနံဆိုင်ရာ ကိုယ်စားပြုအကောင်များလည်းရှိပါတယ်.ဥပမာ-စနေဆိုရင် နဂါး နဲ့ တနင်္ဂနွေဆိုရင် နဂါးကိုနိုင်သော ငှက်ကြီးတကောင် တို့ဖြစ်တယ်ဗျ.။
 မြန်မာကျောင်းသားတွေဟာ ဧည့်ဝတ်ကျေပွန်မှူနဲ့ ကူညီလိုစိတ်အပြည့်ရှိမှူက တော့
အံသြစရာပဲဗျို့ .. နောက်ပိုင်းမှာ ကျနော်တို့ သတင်းထောက်တွေကို သူတို့နိုင်ငံရဲ့ဓါတ်ပုံတွေ
စာအုပ်တွေ နဲ့ ရုရှားဘာသာနဲနောက်ခံစကားပြော့ ပြောင်းထားတဲ့ ဇာတ်လမ်းတွေ ဗီဒီယိုတွေနဲ့ ပါ သူတို့နိုင်ငံအကြောင်းကိုရှင်းပြသေးတယ်။
ကျနော်တို့ တွေ မြန်မာနိုင်ငံကိုတော့ တစ်ခေါက်တော့ သွားချင်သေးတယ်ဗျာ။
သတင်းထောက် - Alexander Tarasov
                                                                                                     မောင်ကျောက်ခဲ မှကူးယူဖော်ပြသည်။

Monday, February 20, 2012

Missed Calls တစ်ကြိမ်ကျပ် ၃၀၀ နှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေး ဖြေရှင်း

From :ခေတ်လူငယ်





Missed Calls တစ်ကြိမ်ကျပ် ၃၀၀ နုတ်သည်ဟူသော သတင်းမှာ မှန်ကန်မှုမရှိကြောင်း CDMA 800( 09-73xxx) ဖုန်းသုံးစွဲသူများ အနေဖြင့် လက်တွေ့စမ်းသပ်ကြည့်နိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အသိပေး ထုတ်ပြန်ချက်အရ သိရသည်။ ထိုသို့ ထုတ်ပြန်သော်လည်း CDMA 800 ဖုန်းများနှင့် CDMA450 ဖုန်းများအနေဖြင့် Missed Calls တစ်ကြိမ်ပေးလျှင် ကျပ် ၃၀၀ ခန့် ဖြတ်တောက်မှုမှာ အမှန်တကယ် ဖြစ်ပွားခဲ့ကြောင်း သုံးစွဲသူများထံမှ သိရသည်။ “Missed Calls တစ်ခါခေါ်ကျပ် ၃၀၀ ဖြတ်နေတယ်လို့ကြားတော့ ယုံတောင်မယုံနိုင်ဘူး။ အဲဒါနဲ့ ငွေတွေကို စစ်ပြီးတော့ Missed Calls တစ်ကြိမ်ခေါ်ကြည့်တော့မှ တကယ်ကို ၃၀၀ ဖြတ်ထားတာတွေ့ရတယ်” ဟု ဖုန်းအသုံးပြုသူက ပြောသည်။ အဆိုပါ ငွေဖြတ်တောက်မှုနှင့် ပတ်သက်၍ “Missed Calls တစ်ခါပို့ရင် ကျပ် ၃၀၀ ဖြတ်တောက်ခဲ့တယ်ဆိုတာက ဆာဗာလွဲချော်မှု တစ်ခုကြောင့် ဖြစ်ခဲ့တာပါ။ ဒါကလည်း ဆက်သွယ်ရေးပစ္စည်းတချို့ကို အဆင့်မြှင့်လိုက်တဲ့အတွက် မထင်မှတ်ဘဲ ဖြစ်ခဲ့ပေမယ့် ယခုတော့ အားလုံးကောင်းသွားပါပြီ။ အဲဒီ တစ်ရက်နှစ်ရက်က ဖြတ်ခဲ့တဲ့ ငွေကိုလည်း ပြန်လည်ဖြည့်ပေးထားပါတယ်။ လက်ရှိလည်း စမ်းလို့ရပါတယ်” ဟု မြန်မာဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အဆိုပါဖုန်းများမှ ဖြတ်တောက်ထားသော ငွေများကို Missed Calls ခေါ်ဆိုလိုက်သည့်ဖုန်းမှ မိမိဖုန်းအား ပြန်လည်ခေါ်ဆိုပေးပါက ငွေကျပ် ၃၀၀ ပြန်လည်ဝင်လာသည်ဟုလည်း သိရကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။


                                                                                Myanmar Expressမှကူးယူဖော်ပြသည်။

ရွာပေါင်း ၁၀၀၀ မီးလင်းရေး စီမံကိန်းကို ဘိုင်အိုဒီဇယ် ကြက်ဆူဆီများဖြင့် မတ်လ အတွင်းစတင် ဆောင်ရွက်ရန် စီစဉ်





မြန်မာနိုင်ငံမှ သစ်တောပညာရှင် တစ်ဦးနဲ့ ဂျပန်နိုင်ငံမှ ပညာရှင်များ ပူးပေါင်းကာ ဘိုင်အိုဒီဇယ် ကြက်ဆူဆီ မှတစ်ဆင့် ရွာပေါင်း တစ်ထောင် မီးလင်းရေး စီမံကိန်းကို ပြည်နယ်နဲ့ တိုင်းဒေသကြီး အချို့မှာ လာမယ့်မတ်လ အတွင်းစတင် ဆောင်ရွက်ရန် စီစဉ်ထားတယ်လို့ သိရပါတယ်။
အဆိုပါမီးလင်းရေး စီမံကိန်းကို ရှမ်းပြည်နယ် အင်းလေးဒေသ ၊ မြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်းဒေသတွေရှိ ကျေးရွာများနဲ. ဧရာဝတီတိုင်းဒေသကီး မြစ်ဝကျွန်းပေါ် ဒေသရှိ ကျေးရွာတွေ မှာ ဆောင်ရွက်ပေး မှာ ဖြစ်ပါတယ်။ အဲ့ဒီလိုမီးလင်းရေး စီမံကိန်း အတွက်ကိုတော့ ကြက်ဆူပင်များကို စိုက်ပျိုးပြီး အဆိုပါ ကြက်ဆူပင်မှ ရရှိလာတဲ့ ဘိုင်အိုဒီဇယ် ကြက်ဆူဆီနဲ့ မီးရရှိအောင် ဆောင်ရွက်ပေးမယ်လို့ သိရပါတယ်။
အဲ့ဒီ ရွာပေါင်း ၁၀၀၀ မီးလင်းရေး စီမံကိန်းမှာ စီမံကိန်း ပထမဆုံး စတင်အကောင်ထည်ဖော် မှုကိုတော့ ရှမ်းပြည်နယ် အင်းလေးဒေသရှိ ရွာပေါင်း ၁၀၀ ကျော်မှာ စတင်ပြုလုပ် မှာ ဖြစ်ပြီးနောက်ပိုင်းမှာ ကျန်ရှိတဲ့ စီမံကိန်းဝင် ဒေသတွေကို အဆင့်ဆင့် မီးလင်းစေဖို့ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။

 
အဆိုပါ စီမံကိန်းကို အခု ၂၀၁၂ ခုနှစ် မတ်လမှ စတင်ကာ အကောင်အထည် ဖော်ဆောင်မှာဖြစ်ပြီး စီမံကိန်း ကာလကို အများဆုံး ၆ နှစ်ကြာ ကာလသတ်မှတ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီအတွက်လည်း ပြည်တွင်းမှာရှိတဲ့ သစ်တော ပညာရှင်တွေဟာ စီမံကိန်း အတွင်း ပါဝင်တဲ့ ကျေးရွာတွေကို လိုက်လံကာ လူမှုစီးပွားရေး စစ်တမ်းများ ကောက်ယူတော့မှာ ဖြစ်တယ်လို့ သတင်းရရှိပါသည်။

                                                                            Myanmar Expressမှကူးယူဖော်ပြသည်။

နိုင်ငံတော်သမ္မတထံသို့ တင်ပြတိုင်ကြားစာ ၆၆၆၀ စောင်ရှိ

From : ခေတ်လူငယ်



၂၀၁၁ ဧပြီလ ၅ ရက်နေ့မှ ၂၀၁၂ ဇန်န၀ါရီလ ၃၁ ရက်နေ့အထိ နိုင်ငံတော်သမ္မတထံသို့ တင်ပြစာ ၆၆၆၀ စောင် တင်ပြတိုင်ကြားသည့် အထဲတွင် တရားသူကြီး၊ တရားစီရင် မှုများအပါအ၀င် လာဘ်ပေးလာဘ်ယူမှုများ ပါဝင်ကြောင်း သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့က ကျင်းပသည့် ပထမအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန် အစည်းအဝေးတွင် ပြောကြားခဲ့သည်။ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က “နိုင်ငံတော်သမ္မတရဲ့တာဝန်ပေးချက်အရ သမ္မတရုံးဝန်ကြီး ဌာနအနေနဲ့ Good Governance and Clean Government အတွက် သမ္မတရုံးကို ရောက်ရှိ လာတဲ့ တင်ပြစာတွေထဲက စိစစ်ပြီးတဲ့ အမှုပေါင်း ၂၇၈၀ စောင်၊ ဆက် လက်စိစစ်ဆဲက ၁၉၅၁ စောင်၊ အဆင့်မမီနှင့် အကြိမ်ကြိမ် တိုင်ကြားမှု ၁၉၂၉ စောင်ရှိပါတယ်။ အဲဒီအမှုတွေမှာ တရားသူကြီးကို တိုင်ကြားမှု ၄၉ စောင်၊ တရားစီရင်မှုကိုတိုင် ကြားမှု ၈၆ စောင်၊ ရှေ့နေကို တိုင်ကြားမှု ၃၉ စောင် ရှိပါတယ်။ တရားမမှုမှာတော့ အမွေမှု ၂၄ စောင်၊ မြေမှု ၃၆၆ စောင်၊ ရာဇ၀တ်မှုကတော့ အလွဲသုံးစားမှု ၅၁ စောင်၊ လူသတ်မှု ခြောက်စောင်၊ မုဒိမ်းမှုကိုးစောင်၊ အမျိုးသမီးမှုရှစ်စောင်၊ ညှင်းပမ်းနှိပ်စက်မှု ၂၉ စောင်၊ လိမ်လည်မှု ၆၄ စောင်၊ လာဘ်ပေးလာဘ်ယူမှု ၄၁ စောင်၊ ဘာသာရေးဆိုင်ရာ ၆၉ စောင်၊ အလုပ်သမား အချင်းချင်း တိုင်ကြားမှု ၁၃၂၅ စောင်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးကို တိုင်ကြားမှု ၂၁၉ စောင်၊ တပ်မတော်ဆိုင်ရာ ၇၀ စောင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ ၁၂၆ စောင်၊ ဆရာဝန်တိုင်ကြားမှု ၁၂ စောင်၊ အထွေထွေအုပ်ချုပ်ရေး ၀န်ထမ်းတိုင်ကြားမှု ၄၆ စောင်၊ စည်ပင် ၀န်ထမ်း ၇၂ စောင်၊ ပညာရေးဝန်ထမ်း ၇၄ စောင်ရှိပါတယ်။ အဲဒီထဲ ကစိစစ်ပြီး မှန်ကန်ကြောင်း တွေ့ရသူတွေကို ကျူးလွန်သော ပြစ်မှုအလိုက် ထောင်ချထုတ်ပစ်ခြင်း၊ ထုတ်ပစ်ခြင်း၊ အငြိမ်းစားပေးခြင်း၊ အဆင့် လျှော့ခြင်း၊ အဆင့်တိုးမြှင့်မှုကိုရပ် ဆိုင်းခြင်း၊ နေရာပြောင်းရွှေ့ခြင်း၊ မှတ်တမ်းဝင် သတိပေးခြင်း၊ နှုတ်ဖြင့် သတိပေးခြင်းတို့ကို ဆောင်ရွက်ပြီး အရေးယူထိန်းသိမ်း ဆောင်ရွက်လျက် ရှိပါတယ်။ ဆက်လက်ပြီးတော့လည်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။ တိုင်ကြားတင်ပြရာတွင်လည်း နစ်နာသူကိုယ်တိုင် တိကျသည့် အထောက်အထားဖြင့် တိုင်ကြားတင်ပြ ချက်များကိုသာ အရေးယူဆောင်ရွက် သွားမည်ဖြစ်ပြီး မမှန်မကန်တိုင်ကြားသူများကို မှတ်တမ်းဝင် သတိပေးခဲ့ ပြီးနောင်တွင် မနာလိုဝန်တိုမှု၊ လုပ်ကြံ မှု၊ အသရေဖျက်လိုမှု ကြောင့် မမှန် မကန်တင်ပြ တိုင်ကြားသူများကို ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း သိရှိရသည်။ ၀န်ထမ်းများ အပါအ၀င် နိုင်ငံသားအားလုံးက တာဝန်သိသိ၊ ဥပဒေ၊ နည်းဥပဒေလုပ်ထုံးလုပ်နည်း စည်းမျဉ်းဥပဒေ၊ စည်းကမ်း ဥပဒေအတိုင်း တိတိကျကျလိုက်နာ အကောင်အထည်ဖော်ရန် လိုအပ်ပါသည်......
                                                                                Myanmar Expressမှကူးယူဖော်ပြသည်။

စင်ကာပူနိုင်ငံတွင် ပြည်ပအလုပ်သမား ဦးရေ လျှော.ချမည်



စင်ကာပူနိုင်ငံတွင် ကုမ္ပဏီများ ငွေကြေးလည်ပတ်မှု အခက်အခဲနှင့် နိုင်ငံခြားမှ လာရောက်လုပ်ကိုင်သော အလုပ်သမားဦးရေ တိုတးက်များပြားမှုကြောင့် ပြည်ပမှ လာရောက်လုပ်ကိုင်သော အလုပ်သမားများကို လျှော့ချသွားမည်ဖြစ်ကြောင်း စင်ကာပူအရာရှိများက ဖေဖော်ဝါရီ ၁၉ ရက်တွင် ပြောကြားသည်။ လာမည့် ဇူလိုင် ၁ ရက်မှစတင်၍ ကုမ္ပဏီများတွင် လာရောက်လုပ်ကိုင်နေသော ပြည်ပအလုပ်သမားများဦးရေးကို ၆၀ ရာခိုင်နှုန်းအထိ လျှော့ချသွားမည်ဖြစ်သည်။ စင်ကာပူနိုင်ငံတွင် လောလောဆယ်၌ ပြည်ပအလုပ်သမားဦးရေ ၆၅ ရာခိုင်နှုန်းခန့် ရှိနေသည်။ ၀န်ဆောင်မှုလုပ်ငန်းများတွင် ၅၀ ရာခိုင်နှုန်းမှ ၄၅ ရာခိုင်နှုန်းသို့လည်းကောင်း၊ ထုတ်လုပ်ရေးလုပ်ငန်းများနှင့် အခြေခံအဆောက်အအုံ လုပ်ငန်းများတွင်လည်း ပြည်ပအလုပ်သမားဦးရေများ သိသိသာသာ လျှော့ချသွားမည်ဟု စင်ကာပူဘဏ္ဍာရေးဝန်ကြီးက ပြောကြားသည်။ 


                                                                                                Myanmar Expressမှကူးယူဖော်ပြသည်။

Tuesday, February 7, 2012

ဗုဒ္ဓဆင်းထုတော်များကို ကြက်ချေးဖြင့်သုတ်မှု

ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် ဗုဒ္ဓဆင်းထုတော်များကို အမည်မသိသူများက မဖွယ်မရာ ပြုလုပ် ထားခဲ့သဖြင့် ဒေသခံ ဗုဒ္ဓဘာသာများ အကြား အထူး မကျေနပ်မူ တိုးပွားနေကြောင်း သတင်း ရရှိသည်။


The-Buddha-images-perverted-by-muslim
စစ်တွေမြို့ အာဂျိတ်တောင်ကုန်း သင်္ချိုင်းဟောင်း အနီးရှိ သရက်ဦး ဘုန်းတော်ကြီးကျောင်းတွင် ဘုရားကြီး ၃ ဆူ၏ မျက်နှာတော်များကို ကြက်ချေး ရေနံများဖြင့် မဖွယ် မရာ သုတ်လိမ်း ထားပြီး မျက်နာ နဖူးတော်တွင်လည်း မထင်မရှား ရခိုင်လို "ခွီး" ဆိုသော စာလုံးကို ရေးသား ထားသည်ဟု သိရသည်။

၎င်းပြင် အမြင့် ၄ ပေ ကျော်ရှိသော ရခိုင်ဘုရင် စန္ဒသူရိယ၊ ရှင်သီဝလိနှင့် ဇီဝက ဆင်းတုတော် များ၏ မျက်နာများကိုလည်း ကြက်ချေး ရေနံများဖြင့် လိမ်းကျထားသည်ဟု ဒေသခံများက ပြောသည်။

ယခုကဲ့သို့ မဖွယ်မရာ လုပ်ထားခြင်းကို စက်တင်္ဘာလ ၂၃ ရက်နေ့က ပြုလုပ်ထားခြင်း ဖြစ်ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

" ဒီလို လုပ်တာက ဒီလ ၂၃ ရက်နေ့မှာပါ။ အခု ဒေသခံ ဗုဒ္ဓဘာသာဝင်တွေက ဒီလိုလုပ်တဲ့ အပေါ်မှာ အတော်ကို မကျေမနပ် ဖြစ်နေကြတယ်။ အနီးအနားက မွတ်ဆလင် ဘာသာဝင်တွေ လုပ်တယ်ဆိုပြီး ထင်နေကြတယ်။ ဒီကိစ္စ ပြည်နယ် ၀န်ကြီးချုပ်ထိ တက်တိုင်ထားတယ်။ ပြေပြေလည်လည် မဖြေရှင်း နိုင်ရင် ပြဿနာ ကြီးထွား လာနိုင် ပါတယ်" ဟု သူက ဆက်ပြောသည်။

အဆိုပါ ကိစ္စကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ထံ တိုင်ကြားထားပြီး နောက်ပိုင်း ယခုအခါ မသင်္ကာမှုဖြင့် ဒေသခံ မွတ်ဆလင် (၅) ဦးကို စစ်တွေမြို့ အမှတ် (၁) ရဲစခန်းတွင် ခေါ်ယူစစ်ဆေးနေသည်ဟု သူက ပြောသည်။

"အဲဒီအမှုနဲ့ပတ်သက်ပြီးတော့ မသင်္ကာမှုနဲ့ ဒေသခံမွတ်ဆလင်လူမျိုး ၅ ဦးကို အမှတ် (၁) ရဲစခန်းမှာ ခေါ်ယူစစ် ဆေးနေတယ်လို့ သိရပါတယ်။ လူတွေကတော့ စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြပါတယ်" ဟု ပြောသည်။ ယခုလိုလုပ်ရပ်မှာ ယခင်ကတခါမှ မဖြစ်ပွား ခဲ့ဖူးကြောင်းနှင့် ယခု လုပ်ရပ် အပေါ် ဗုဒ္ဓ ဘာသာဝင် များက အထူး ခံပြင်းနေကြောင်း သိရသည်။

ယခု လုပ်ရပ်အပေါ် ဘာသာရေး အဓိဂရုဏ်း ဖြစ်အောင် အာဏာပိုင်များပ ဖန်တီးခြင်းလည်း ဖြစ်နိုင်ကြောင်း အမည် မဖေါ်လိုသူ နိုင်ငံရေး လေ့လာ အကဲခတ်သူ တစ်ဦးက ပြောသည်။

" အခု စစ်တွေမှာ ဘာသာရေး အဓိဂရုဏ်းတွေ ဖန်တီးနိုင်လာတဲ့ အခြေအနေရှိတယ်။ သတိထားရမယ်။ ဘာဖြစ်လို့လည်းဆိုတော့ သရက်ဦး ဘုန်းတော်ကြီးကျောင်းက ဘုရားကြီးကို မဖွယ်မရာ လုပ်ထား တာတွေ အာဏာပိုင်တွေလည်း ဖြစ်နိုင်တယ်။ တိုင်းပြည်မှာ ရှုပ်ထွေးနေတဲ့ နိုင်ငံရေး ပြဿနာတွေ ပေါ်ပေါက်နေတဲ့ အတွက် ဘာသာရေး အဓိဂရုဏ်း မဖန်တီးနိုင်ဘူးလို့ ဘယ်သူမှ မပြောနိုင်ဘူး" ဟု သူက ပြောသည်။

ယခု လုပ်ရပ်မှာ အနီးအနားမှ မွတ်ဆလင်များက ပြုလုပ်သည်ဟု သတင်းထွက်နေပြီး ဒေသခံ ရခိုင် ဗုဒ္ဓဘာသာဝင်များက အထူး မကျေမနပ် ဖြစ်နေကြောင်း သတင်း ရရှိသည်။

                                                                         Myanmar Expressမှကူးယူဖော်ပြသည်...

ဝန်ထမ်းများ၏ လစာ တိုးမြှင့်ရေးအတွက် သူရဦးရွှေမန်းအဆိုတင်သွင်..


ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း အဆို တင်သွင်း၍ ပြည်ထောင်စုလွှတ်တော်မှ အတည်ပြု
(၁) ကိုယ့်ဂုဏ်၊ ကိုယ့်သိက္ခာနှင့်အညီ နေထိုင်စားသောက်နိုင်ဖို့နှင့် သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေး အမှန်တကယ် ဖြစ်လာဖို့နှင့် နိုင်ငံသားများ၊ ဝန်ထမ်းများ၏ လုပ်ခ၊ လစာစရိတ်နှင့် ချီးမြှင့်ငွေများကို လာမည့် ဘတ်ဂျက်နှစ်အစတွင် မဖြစ်မနေ တိုးမြှင့်ပေးရေး
(၂) ပြည်သူ့ဘဏ္ဍာငွေများကို အမှန် အသုံးပြု၍ အမှန်တကယ် လက်တွေ့ကျကျ နိုင်ငံ့အကျိုး ပြည်သူလူထု အကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းများကိုသာ ဥပဒေပြုပေးရေးနှင့် ထိုသို့မဟုတ်သော စီမံကိန်းများကို ငြင်းပယ်ခြင်း၊ ဆိုင်းငံ့ခြင်း၊ လျှော့၍ ခွင့်ပြုခြင်းများ ဆောင်ရွက်ရေး
(၃) နိုင်ငံသားများ၏ လက်ငင်း၊ ရေတိုနှင့် ရေရှည် အကျိုးဖြစ်ထွန်းစေသော ထာဝစဉ် ရှင်သန်စေမည့် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း သို့မဟုတ် လူသား အရင်းအမြစ်များ ဖွံ့ဖြိုးရေး စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှုများကို တင်ပြဆောက်ရွက်ပေးဖို့ သက်ဆိုင်ရာသို့ တိုက်တွန်းပေးရေး
(၄) တာဝန်အရ ဥပဒေနှင့်အညီ ဆောင်ရွက်နေကြသူများ အဖွဲ့အစည်းများအား နားလည် လက်ခံပြီး လေးစား ချစ်ကြည်စွာဖြင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ပေးရေး။
(၅) နိုင်ငံနှင့် နိုင်ငံသားများ၏ အကျိုးစီးပွားအား တားဆီးပိတ်ပင်သော၊ ပျက်စီးယုတ်လျော့ စေသော ပြည်တွင်းပြည်ပမှ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်း ကိုမဆို ဆန့်ကျင်သွားရေး။
(၆) တည်ဆဲ ဥပဒေများကို အဖွဲ့အစည်းများ အနေဖြင့် လည်းကောင်း၊ ပြည်သူများထဲမှ ပြည်သူတစ်ဦး အနေဖြင့် လည်းကောင်း ပြည်သူတစ်ရပ်လုံးနှင့် အတူ ရိုသေလေးစား လိုက်နာကြရေး။


From :
Yangon Press International

ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၀န်ထမ်းများ၏ လစာကို လာမည့် ဘဏ္ဍာနှစ်တွင် မဖြစ်မနေတိုးမြှင့်ပေးရေးနှင့် ပြည်သူအတွက် အကျိုးမရှိသော စီမံကိန်းများတွင် ပြည်သူ့ ဘဏ္ဍာငွေ အသုံးပြုခြင်းများကို ငြင်းပယ်ခြင်း၊ ဆိုင်းငံ့ခြင်း၊ လျှော့ချ၍ခွင့်ပြုခြင်းများ ဆောင်ရွက်ရေးအတွက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက အဆိုတင်သွင်းခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များကပြောသည်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဦးဖုန်းမြင့်အောင်က “ဦးရွှေမန်းပြောတာတွေက ကောင်းပါတယ်။ အချို့စီမံကိန်းတွေက ပြည်သူတွေအတွက်အကျိုးမရှိဘဲ စီမံကိန်းဖော်ဆောင်နေတဲ့သူတွေအတွက်ပဲ အကျိုးရှိနေတာတွေရှိတယ်။ သူပြောတာတွေကို လူကြိုက်များကြတယ် ” ဟု ပြောကြားသည်။
သူရဦးရွှေမန်း၏ အဆိုပြုချက်များကို ရုပ်မြင်သံကြားတွင် ပြန်လည်ပြသရန် အဆိုတင်သွင်းခဲ့သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစေးဟွား ကလည်း ယနေ့ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဆွေးနွေးချက်များသည် ပြည်သူ့အကျိုးအတွက် ဦးတည်ဆွေးနွေးခြင်းဖြစ်ကြောင်း၊ ပြည်သူအားလည်း အလုံးစုံ ကြားစေချင်ကြောင်း ထို့ကြောင့် မိမိအနေဖြင့် ရုပ်မြင်သံကြားတွင် တည်းဖြတ်ခြင်းမပြုဘဲ ပြန်လည်ပြသပေးရန် အဆိုတင်သွင်းရခြင်းဖြစ်ကြောင်း ပြောကြားသည်။
၎င်းကဆက်လက်၍ “ သူပြောတာတွေကို လွှတ်တော်ကိုယ်စားလှယ်တွေလည်းကြိုက်ကြတယ်။ ဒီနေ့အကယ်ဒမီကို ရုပ်ရှင်မင်းသားရမလဲမသိပေမယ့် ပြည်ထောင်စုလွှတ်တော်ရဲ့ အကယ်ဒမီကိုတော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးရသွားတယ်ဆိုပြီး ပြည်ထောင်စုလွှတ်တော် မှာပြောနေကြတယ် ” ဟု ဆိုသည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကလည်း “ မဲဆွယ်တယ်ဆိုတာ ၂၀၁၅ မှ ဆွယ်လို့ရတာမဟုတ်ပါဘူး၊ သူက အခုကတည်းက အလုပ်တကယ် လုပ်ပြပြီးမဲဆွယ်တဲ့ပုံစံပါ၊ မှန်ကန်တဲ့နည်းလမ်းနဲ့ မဲဆွယ်နေတယ်လို့ထင်ပါတယ်” ဟု ပြောကြားသည်။
စီးပွားရေးပညာရှင် အငြိမ်းစား ပါမောက္ခ ဦးမော်သန်းကလည်း နိုင်ငံပိုင်ငွေကြေးများကို ထိရောက်စွာအသုံး မပြုနိုင်ခြင်းကြောင့်ဘတ်ဂျတ်လိုငွေပြမှု များပြားလာသည့်အခါ တိုင်းပြည်၏ အနာဂတ်အတွက် အန္တရာယ်ရှိကြောင်း၊ လက်ရှိတွင်လည်း ထိရောက်စွာလုပ်ကိုင်နိုင်ခြင်းမရှိသဖြင့် အရှုံးပေါ်နေသော နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများနှင့် စီမံကိန်းများစွာရှိကြောင်း ပြောကြားသည်။
၎င်းက “ ဥပမာဗျာ မီးရထားလမ်းကို လူမရှိတဲ့တောထဲသွားဖောက်တယ်။ တစ်နေကုန်သုံးမယ့်သူမရှိဘူး။ ကားလမ်းကို တောထဲသွားဖောက်တယ် သုံးတဲ့သူနည်းတယ်။ ဒါမျိုးတွေကလည်း အရှုံးပေါ်နေတဲ့ စီမံကိန်းတွေလို့ပြောလို့ရတယ်။ ” ဟု ပြောကြားသည်။
၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျတ်လိုငွေပြမှုမှာ ကျပ်ငွေဘီလီယံပေါင်း ၂၃၀၀ ကျော်ရှိကြောင်း ပြည်ထောင်စုလွှတ်တော်တွင်တင်ပြသည့် ရသုံးမှန်းချေစာရင်းတွင် ပါရှိသည်။
၁၉၈၉ ခုနှစ် မှ ယနေ့အထိ ၀န်ထမ်းလစာ ၅ ကြိမ်တိုးမြှင့်ပေးခဲ့ရာ နောက်ဆုံး တိုးမြှင့်ပေးသည့်အကြိမ်မှာ ၂၀၁၀ ခုနှစ် ဇန်န၀ါရီလတွင်ဖြစ်သည်။ ။

                                                                               Myanmar Express မှကူးယူဖော်ပြသည်။