Friday, March 23, 2012

ကြိုတင်မဲပေးမယ့်သူတွေအတွက် ရက်သတ်မှတ်ပြီ


ကြားဖြတ်ရွေးကောက်ပွဲအတွက် ဥပဒေအရ ကြိုတင်မဲပေးခွင့်ရှိသူတွေက လာမယ့် မတ်လ ၃၀ ရက်နဲ့ ၃၁ ရက် နံနက် ၆း၀၀ နာရီကနေ ညနေ ၆း၀၀ နာရီအတွင်း သက်ဆိုင်ရာ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲတွေမှာ ကြိုတင်မဲပေးရမယ်လို့ သိရှိရပါတယ်။ ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူက မဲရုံကို ကိုယ်တိုင်မလာရောက်နိုင်တဲ့အတွက် သက်ဆိုင်ရာကနေ ကြိုတင်မဲ တောင်းခံပြီး ကိုယ်တိုင်ကြိုတင် ဆန္ဒပြုထားတဲ့ မဲလက်မှတ်ကို လုံခြုံအောင် စာအိတ်နဲ့ ပိတ်ထည့်ပြီး သက်ဆိုင်ရာကို ပေးပို့တဲ့ မဲလက်မှတ် ဖြစ်ပါတယ်။ မြို့နယ်ကော်မရှင်ရုံးက ကြိုတင်မဲတွေကို ပါတီတွေက ရွေးချယ်ထားတဲ့ မဲရုံကိုယ်စားလှယ်တွေရှေ့မှာပဲ မဲရေတွက်သွားမယ်လို့ ဒဂုံဆိပ်ကမ်းမြို့နယ် ကော်မရှင်ရုံးမှ တာဝန်ယူဖြေကြားပေးသူ ဝန်ထမ်းတစ်ဦးထံက သိရပါတယ်။ သက်ဆိုင်ရာ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ကော်မရှင်ကို ပေးပို့တဲ့ ကြိုတင်မဲတွေကိုလည်း ဧပြီ ၁ ရက်နေ့ မနက် ၆း၀၀ နာရီမတိုင်မီ မဲရုံမှူးဆီ ပေးပို့ရမှာ ဖြစ်တယ်လို့ သိရတယ်။ ဒဂုံဆိပ်ကမ်းမြို့နယ် ကော်မရှင်ရုံးမှ တာဝန်ရှိသူဝန်ထမ်းတစ်ဦးက “၂၀၁၀ တုန်းက ဒီမြို့နယ်မှာ ရတဲ့ကြိုတင်မဲက သုံးရာခိုင်နှုန်းပဲ ရှိပါတယ်။ ကြိုတင်မဲကြောင့် နိုင်သွားတာ၊ ရှုံးသွားတယ်ဆိုတာ မရှိပါဘူး။ ဒီကြားဖြတ်ရွေးကောက်ပွဲမှာလဲ ကြိုတင်မဲမှာ မဲလိမ်တာမျိုး မရှိအောင် လုပ်သွားဖို့ ကျွန်တော်တို့ဘက်က တစ်ရာ ရာခိုင်နှုန်း အပြည့် အာမခံပါတယ်” လို့ ပြန်လည်ဖြေကြားခဲ့ကြောင်းကို  MEG သတင်းထောက်တစ်ဦးမှ မှတ်တမ်းတင်ခဲ့သည်။


Myanmar Expressမှကူးယူဖော်ပြသည်။

No comments:

Post a Comment