ဒေါ်အောင်ဆန်းစုကြည် စီးလာတဲ့ ၃ဂ/၅၆၆၀
Pajero ကို အခွန်ကောက်ခံရာ မပေးပဲ အတင်းမောင်း ပြေးမှုအကြောင်းကို Myanmae
Express မှ ဖော်ပြခဲ့ရာမှ လူထုနဲ့ ဝန်ထမ်း တစ်ရပ်လုံး
မကျေနပ်ဖြစ်လာခြင်းကြောင့် NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့
ခေါင်းကျိန်းခဲ့ရကြောင်း သတင်းရရှိပါတယ်။
Myanmar Express ရဲ့ သတင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီခေါင်းဆောင်ပိုင်းများ စည်းကမ်းမလိုက်နာမှုနဲ့ ဥပဒေ ကို မထီမဲ့မြင်ပြုမှုများ အရှက်ရစရာ ဖြစ်လာတဲ့အပြင် လူထုအကြားမှာ အငြင်းပွားမှုများဖြစ်လာခဲ့ရပါတယ်။ နောက်ဆုံးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စေခိုင်းချက်ကြောင့် မိတ္ထီလာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးစံအောင်က တိုးဂိတ်လူကြီးတွေဆီကို ကိုယ်တိုင်လာပြီး ၀င်လာတဲ့ ဒေါ်စုယာဉ်တန်းက ကားတွေအားလုံးအတွက် ဖြတ်သန်းခအားလုံး ကို ငွေရှင်းပေးလိုက်ရကြောင်း သိရပါတယ်။
ဒီလုပ်ရပ်ကို အကောင်းမြင်ကြသူတွေရှိသလို NLD နဲ့ ဒေါ်စုဟာ သူတို့အမှားနဲ့ သူတို့တွေ စည်းကမ်းမဲ့မှု၊ ဥပဒေ စိုးမိုးမှုမရှိမှု ကို သူတို့ကိုယ်တိုင် ဝန်ခံသွားကြတယ်လို့ သုံးသပ်သူတွေလည်း ရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကားက ဖြတ်သန်းခ မပေးတာကြောင့် နောက်က ကားပေါင်းများစွာကလည်း မပေးခဲ့တာဖြစ်ရာ ကားအားလုံးအတွက် ဖြတ်သန်းခ အားလုံးကို NLD က ရှင်းလိုက်ရပါတယ်။ ယင်းပြဿနာကြောင့် NLD ရဲ့ ဘက်ဂျက်ကို များစွာထိခိုက်စေပြီး Myanmar Express ကိုလည်း မကျေမနပ်ဖြစ်နေကြကြောင်း NLD နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းမှလာတဲ့ သတင်းများအရ သိရပါတယ်။
NLD ခရီးစဉ်မှာ အတူလိုက်သွားတဲ့ မီဒီယာပေါင်း ၁၀၀ လောက်ရှိပေမယ့် ဒီသတင်းကိုတော့ ဘယ်မီဒီယာကမှ မဖော်ပြပဲ နေခဲ့ကြတဲ့အတွက်လည်း စတုတ္ထမဏ္ဍိုင် ကို ပြည်သူများက ယုံကြည်မှုကင်းမဲ့လာကြောင်းသိရပါတယ်။
မတ်လ (၃) နေ့ကလည်း ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်အ၀ိုင်းကိုမရောက်ခင် ယာဉ်ဖြတ်သန်းခကောက်ခံတဲ့ တိုးဂိတ်မှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ယာဉ်ဖြတ်သန်းခမပေးချေခဲ့တဲ့ အပြင် CEC တွေဖြစ်တဲ့ ဦးခွန်သာမြင့်၊ ဦးကျော်ဆန်း၊ ဦးခင်မောင်၊ ဦးကျော်သူရကိုကို၊ ဦးဇော်မင်းဦး စတဲ့ လူကြီးတွေကလည်း ဥပဒေမသိ၊ စည်းကမ်းမရှိလုပ်ခဲ့ကြပါတယ်။
(Myanmar Express ကြောင့်လို့ခေါင်းစဉ်တပ်ထားပေမယ့် MEG အဖွဲ့သားများသာမက အခြား အမြင်မတော်သူ၊ စည်းကမ်းရှိစေချင်သူ၊ တာဝန်သိသူများရဲ့ မျှဝေ မှုများကြောင့်လည်း ပါဝင်ပါကြောင်း သိစေလိုပါသည်)
Myanmar Expressမှကူးယူဖော်ပြသည်....

No comments:
Post a Comment