Monday, February 20, 2012

Missed Calls တစ်ကြိမ်ကျပ် ၃၀၀ နှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေး ဖြေရှင်း

From :ခေတ်လူငယ်





Missed Calls တစ်ကြိမ်ကျပ် ၃၀၀ နုတ်သည်ဟူသော သတင်းမှာ မှန်ကန်မှုမရှိကြောင်း CDMA 800( 09-73xxx) ဖုန်းသုံးစွဲသူများ အနေဖြင့် လက်တွေ့စမ်းသပ်ကြည့်နိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အသိပေး ထုတ်ပြန်ချက်အရ သိရသည်။ ထိုသို့ ထုတ်ပြန်သော်လည်း CDMA 800 ဖုန်းများနှင့် CDMA450 ဖုန်းများအနေဖြင့် Missed Calls တစ်ကြိမ်ပေးလျှင် ကျပ် ၃၀၀ ခန့် ဖြတ်တောက်မှုမှာ အမှန်တကယ် ဖြစ်ပွားခဲ့ကြောင်း သုံးစွဲသူများထံမှ သိရသည်။ “Missed Calls တစ်ခါခေါ်ကျပ် ၃၀၀ ဖြတ်နေတယ်လို့ကြားတော့ ယုံတောင်မယုံနိုင်ဘူး။ အဲဒါနဲ့ ငွေတွေကို စစ်ပြီးတော့ Missed Calls တစ်ကြိမ်ခေါ်ကြည့်တော့မှ တကယ်ကို ၃၀၀ ဖြတ်ထားတာတွေ့ရတယ်” ဟု ဖုန်းအသုံးပြုသူက ပြောသည်။ အဆိုပါ ငွေဖြတ်တောက်မှုနှင့် ပတ်သက်၍ “Missed Calls တစ်ခါပို့ရင် ကျပ် ၃၀၀ ဖြတ်တောက်ခဲ့တယ်ဆိုတာက ဆာဗာလွဲချော်မှု တစ်ခုကြောင့် ဖြစ်ခဲ့တာပါ။ ဒါကလည်း ဆက်သွယ်ရေးပစ္စည်းတချို့ကို အဆင့်မြှင့်လိုက်တဲ့အတွက် မထင်မှတ်ဘဲ ဖြစ်ခဲ့ပေမယ့် ယခုတော့ အားလုံးကောင်းသွားပါပြီ။ အဲဒီ တစ်ရက်နှစ်ရက်က ဖြတ်ခဲ့တဲ့ ငွေကိုလည်း ပြန်လည်ဖြည့်ပေးထားပါတယ်။ လက်ရှိလည်း စမ်းလို့ရပါတယ်” ဟု မြန်မာဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အဆိုပါဖုန်းများမှ ဖြတ်တောက်ထားသော ငွေများကို Missed Calls ခေါ်ဆိုလိုက်သည့်ဖုန်းမှ မိမိဖုန်းအား ပြန်လည်ခေါ်ဆိုပေးပါက ငွေကျပ် ၃၀၀ ပြန်လည်ဝင်လာသည်ဟုလည်း သိရကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။


                                                                                Myanmar Expressမှကူးယူဖော်ပြသည်။

No comments:

Post a Comment