Showing posts with label သတင်း.. Show all posts
Showing posts with label သတင်း.. Show all posts

Friday, March 23, 2012

တစ်ဒေါ်လာ ၈၂၀ ကျပ်နှုန်း တရားဝင် သတ်မှတ်မည်


ယခင်က မြန်မာအစိုးရ သတ်မှတ်ထားသည့် တရားဝင်ပေါက်ဈေးမှာ အမေရိကန် ၁ ဒေါ်လာလျှင် ၆ ကျပ်သာ ဖြစ်သည်။ သို့သော် အပြင်ဈေးကွက် (အစိုးရမဟုတ်သောဈေးကွက်)မှာတော့ ၁ ဒေါ်လာလျှင် ၈၀၀ ဝန်းကျင် ဈေးပေါက်ပါသည်။ ၂၀၁၂-၂၀၁၃ မှာတော့ ၈၀၀ ကျပ်နှင့် တွက်သည်ဟု လွှတ်တော်မှာ ပြောသည်။ ဤဈေးကြောင့် ထူးထူးခြားခြား ပြောင်းလဲရန် အကြောင်းမရှိဟု ပညာရှင်များက သုံးသပ်ကြသည်။ ဤငွေလဲနှုန်း ပြုပြင်လိုက်၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များစွာဝင်လာမည်ဟု တွက်၍မရနိုင်ဟုလည်း ဆိုသည်။ မြန်မာပြည်တွင် လျှပ်စစ်ဓါတ်အား၊ တယ်လီဖုန်း၊ ဆက်သွယ်ရေးနှင့် တခြားအခြေခံ အဆောက်အအုံများ လိုအပ်နေသေးသည်။ ထို့နောက် ပြည်ပရင်းနှီးမြှုပ်နှံမည့်သူများ စိတ်ချယုံကြည်လောက်သည့် ဥပဒေလည်း လိုသေးသည်။ လောလောဆယ်မှာ နိုင်ငံခြားရင်းနှီးမှု ဥပဒေများ ပြဋ္ဌာန်းမှုများ လုပ်နေကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများက အဆင့်နိမ့်နေသေးကြောင်း ပြောဆိုကြသည်။ ဘဏ်လုပ်ငန်းများ အရည်အချင်း တိုးတက်လာမှ နိုင်ငံတကာဘဏ်လုပ်ငန်းများ ဝင်လာမည်ဖြစ်သည်။ ယခုကဲ့သို့ ငွေလဲနှုန်းကို ပြောင်းလဲသတ်မှတ်သည့်အပြင် စီမံခန့်ခွဲမှုလည်း လိုအပ်နေသေးသည်။ ဤပြောင်းလဲမှုကို တည်တံ့အောင်လုပ်ရန်လည်း လိုသည်။ ဘဏ်ဥပဒေများကိုလည်း ပြင်ရမည်ဖြစ်သည်။ နိုင်ငံခြားသုံးငွေဆိုင်ရာ ဥပဒေကိုလည်း ပြင်ရဦးမည်ဖြစ်သည်။ ဗဟိုဘဏ် ဧပြီလမှ စတင်၍ ဈေးကွက်ပေါက်ဈေးအတိုင်း နှုန်းရှင်စနစ်ဖြင့် ငွေလဲနှုန်းကို ကျင့်သုံးရန် ပြင်ဆင်နေကြောင်း သိရသည်။ တစ်ဒေါ်လာလျှင် ၈၂၀ ကျပ်နှုန်းမှာ လာမည့် ရက်သတ္တပတ်အတွင်း ဖြစ်လာဖွယ်ရှိကြောင်း သိရသည်။ အဓိကကမူ ရင်းနှီးမြှုပ်နှံရန်လာသည့် စီးပွားရေးလုပ်ငန်းရှင်များမှ ဝင်ငွေများသည် တိုင်းပြည်အတွက် လူထုအတွက် အမှန်တကယ် အကျိုးရှိ၊ မရှိနှင့် ၄င်းငွေများ ပြည်သူလူထု ခံစားရမှသာ တိုင်းပြည်အကျိုးရှိမည် ဖြစ်ကြောင်းသိရှိရသည်။
 Myanmar Expressမှကူးယူဖော်ပြသည်...။

ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် မဲဆန္ဒနယ်များ


၁။ ကချင်ပြည်နယ်
(က) ပြည်သူ့လွှတ်တော်(၃)နေရာ
ဖားကန့်၊ မိုးကောင်း၊ ဗန်းမော်၊
၂။ စစ်ကိုင်းတိုင်းဒေသကြီး

(က) ပြည်သူ့လွှတ်တော်(၃)နေရာ
စစ်ကိုင်း၊ ပုလဲ၊ မင်းကင်း
(ခ) အမျိုးသားလွှတ်တော်(၂)နေရာ
(ကန့်ဘလူ-ကျွန်းလှ-ရေဦး-တန့်ဆည်) (ဗန်းမောက်-ကောလင်း-၀န်းသို-ပင်လယ်ဘူး)
၃။ တနင်္သာရီတိုင်းဒေသကြီး

(က) ပြည်သူ့လွှတ်တော်(၂)နေရာ
ကျွန်းစု၊ လောင်းလုံ
၎။ ပဲခူးတိုင်းဒေသကြီး

(က) ပြည်သူ့လွှတ်တော်(၄)နေရာ
တောင်ငူ၊ ထန်းတပင်၊ သနပ်ပင်၊ လက်ပံတန်း၊
(ခ) အမျိုးသားလွှတ်တော်(၁)နေရာ
(အုတ်တွင်း-ထန်းတပင်)
(ဂ) တိုင်းဒေသကြီးလွှတ်တော်(၁)နေရာ
(က၀-၂)
၅။ မကွေးတိုင်းဒေသကြီး

(က) ပြည်သူ့လွှတ်တော် (၅) နေရာ
မကွေး၊ ရေစကြို၊ မြိုင်၊ ပခုက္ကူ၊ ပွင့်ဖြူ
(ခ) အမျိုးသားလွှတ်တော် (၁)နေရာ
(တောင်တွင်းကြီး)
၆။ မန္တလေးတိုင်းဒေသကြီး

(က) ပြည်သူ့လွှတ်တော် (၁၀)နေရာ
ဇဗ္ဗူသီရိ၊ ပုဗ္ဗသီရိ၊ ဒက္ခိဏသီရိ၊ ဥတ္တရသီရိ၊ ကျောက်ပန်းတောင်း၊ နွားထိုးကြီး၊ တံတားဦး၊ မဟာအောင်မြေ၊ မိတ္ထီလာ၊ ပြင်ဦးလွင်။
၇။ မွန်ပြည်နယ်

(က) ပြည်သူ့လွှတ်တော် (၁)နေရာ
မော်လမြိုင်
၈။ ရန်ကုန်တိုင်းဒေသကြီး

(က) ပြည်သူ့လွှတ်တော် (၆)နေရာ
ကော့မှူး၊ သုံးခွ၊ ဒဂုံ(ဆိပ်ကမ်း)၊ မရမ်းကုန်း၊ မင်္ဂလာတောင်ညွန့်၊ လှည်းကူး။
၉။ ရှမ်းပြည်နယ်

(က) ပြည်သူ့လွှတ်တော် (၁)နေရာ
ကလော
(ခ) အမျိုးသားလွှတ်တော် (၁)နေရာ
(လာရှိုး-တန့်ယန်း-မိုင်းရယ်-သိန္နီ-ကွမ်းလုံ)
၁၀။ ဧရာဝတီတိုင်းဒေသကြီး

(က) ပြည်သူ့လွှတ်တော် (၅)နေရာ
ပုသိမ်၊ မအူပင်၊ မြောင်းမြ၊ ၀ါးခယ်မ၊ မြန်အောင်
(ခ) အမျိုးသားလွှတ်တော် (၁)နေရာ
(ဖျာပုံ-ဒေးဒရဲ)
(ဂ) တိုင်းဒေသကြီးလွှတ်တော် (၁)နေရာ
(ရေကြည်-၂)
မိုကောင်းမဲဆန္ဒနယ်တွင် ၀င်ရောက်ရွေးချယ်ခံမည့် ပြည်သူ့လွှတ်တော် ကိုယ်စာလှယ်လောင်များ အမည်စာရင်း
၁။ ဦးမိုးမြင့်မြတ် (NDF)
၂။ ဒေါ်ခင်ကြည် (NLD)
၃။ ဦးစိုင်းသန်းတင့်အောင် (SNDP)
၎။ ဦးထွန်းထွန်းအောင် (USDP)
၅။ ဒေါက်တာတူးဂျာ (တစ်သီးပုဂ္ဂလ)
ဗန်းမော်မဲဆန္ဒနယ်တွင် ၀င်ရောက်ရွေးချယ်ခံမည့် ပြည်သူ့လွှတ်တော် ကိုယ်စာလှယ်လောင်များ အမည်စာရင်း
၁။ ဦးဘမြင့် (NLD)
၂။ ဦးတင်ဌေး (တစည)
၃။ ဦးမြင့်စိုး (USDP)

ဖားကန့်မဲဆန္ဒနယ်တွင် ၀င်ရောက်ရွေးချယ်ခံမည့် ပြည်သူ့လွှတ်တော် ကိုယ်စာလှယ်လောင်များ အမည်စာရင်း
၁။ ဒေါ်ဘောက်ဂျာ (NDF)
၂။ ဦးစိုင်းသိန်းထွန်း (USDP)
၃။ ဦးဒါရှီလဆိုင်း (NLD)




ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပါတီများ
၁။ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ
၂။ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ
၃။ ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီ
၎။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)
၅။ ဒီမိုကရက်တစ် ပါတီ(မြန်မာ)
၆။ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ
၇။ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ
၈။ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်
၉။ ခေတ်သစ်ပြည်သူ့ပါတီ
၁၀။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
၁၁။ အမျိုးသားဒီမိုကရေစီအင်အားစု
၁၂။ ပြည်သူ့ဒီမိုကရေစီပါတီ
၁၃။ အမျိုးသားဒီမိုကရေစီပါတီသစ်
၁၄။ ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီ
၁၅။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
၁၆။ မြန်မာ့လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ
၁၇။ မြန်မာအမျိုးသားကွန်ဂရက်ပါတီ

Myanmar Expressမှကူးယူဖော်ပြသည်။

ကြိုတင်မဲပေးမယ့်သူတွေအတွက် ရက်သတ်မှတ်ပြီ


ကြားဖြတ်ရွေးကောက်ပွဲအတွက် ဥပဒေအရ ကြိုတင်မဲပေးခွင့်ရှိသူတွေက လာမယ့် မတ်လ ၃၀ ရက်နဲ့ ၃၁ ရက် နံနက် ၆း၀၀ နာရီကနေ ညနေ ၆း၀၀ နာရီအတွင်း သက်ဆိုင်ရာ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲတွေမှာ ကြိုတင်မဲပေးရမယ်လို့ သိရှိရပါတယ်။ ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူက မဲရုံကို ကိုယ်တိုင်မလာရောက်နိုင်တဲ့အတွက် သက်ဆိုင်ရာကနေ ကြိုတင်မဲ တောင်းခံပြီး ကိုယ်တိုင်ကြိုတင် ဆန္ဒပြုထားတဲ့ မဲလက်မှတ်ကို လုံခြုံအောင် စာအိတ်နဲ့ ပိတ်ထည့်ပြီး သက်ဆိုင်ရာကို ပေးပို့တဲ့ မဲလက်မှတ် ဖြစ်ပါတယ်။ မြို့နယ်ကော်မရှင်ရုံးက ကြိုတင်မဲတွေကို ပါတီတွေက ရွေးချယ်ထားတဲ့ မဲရုံကိုယ်စားလှယ်တွေရှေ့မှာပဲ မဲရေတွက်သွားမယ်လို့ ဒဂုံဆိပ်ကမ်းမြို့နယ် ကော်မရှင်ရုံးမှ တာဝန်ယူဖြေကြားပေးသူ ဝန်ထမ်းတစ်ဦးထံက သိရပါတယ်။ သက်ဆိုင်ရာ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ကော်မရှင်ကို ပေးပို့တဲ့ ကြိုတင်မဲတွေကိုလည်း ဧပြီ ၁ ရက်နေ့ မနက် ၆း၀၀ နာရီမတိုင်မီ မဲရုံမှူးဆီ ပေးပို့ရမှာ ဖြစ်တယ်လို့ သိရတယ်။ ဒဂုံဆိပ်ကမ်းမြို့နယ် ကော်မရှင်ရုံးမှ တာဝန်ရှိသူဝန်ထမ်းတစ်ဦးက “၂၀၁၀ တုန်းက ဒီမြို့နယ်မှာ ရတဲ့ကြိုတင်မဲက သုံးရာခိုင်နှုန်းပဲ ရှိပါတယ်။ ကြိုတင်မဲကြောင့် နိုင်သွားတာ၊ ရှုံးသွားတယ်ဆိုတာ မရှိပါဘူး။ ဒီကြားဖြတ်ရွေးကောက်ပွဲမှာလဲ ကြိုတင်မဲမှာ မဲလိမ်တာမျိုး မရှိအောင် လုပ်သွားဖို့ ကျွန်တော်တို့ဘက်က တစ်ရာ ရာခိုင်နှုန်း အပြည့် အာမခံပါတယ်” လို့ ပြန်လည်ဖြေကြားခဲ့ကြောင်းကို  MEG သတင်းထောက်တစ်ဦးမှ မှတ်တမ်းတင်ခဲ့သည်။


Myanmar Expressမှကူးယူဖော်ပြသည်။

Friday, March 9, 2012

မြန်မာအိပ်စပရပ်ကြောင့် ဒေါ်စု ပိုက်ဆံကုန်ရ



ဒေါ်အောင်ဆန်းစုကြည် စီးလာတဲ့ ၃ဂ/၅၆၆၀ Pajero ကို အခွန်ကောက်ခံရာ မပေးပဲ အတင်းမောင်း ပြေးမှုအကြောင်းကို Myanmae Express မှ ဖော်ပြခဲ့ရာမှ လူထုနဲ့ ဝန်ထမ်း တစ်ရပ်လုံး မကျေနပ်ဖြစ်လာခြင်းကြောင့် NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ခေါင်းကျိန်းခဲ့ရကြောင်း သတင်းရရှိပါတယ်။
Myanmar Express ရဲ့ သတင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီခေါင်းဆောင်ပိုင်းများ စည်းကမ်းမလိုက်နာမှုနဲ့ ဥပဒေ ကို မထီမဲ့မြင်ပြုမှုများ အရှက်ရစရာ ဖြစ်လာတဲ့အပြင် လူထုအကြားမှာ အငြင်းပွားမှုများဖြစ်လာခဲ့ရပါတယ်။ နောက်ဆုံးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စေခိုင်းချက်ကြောင့် မိတ္ထီလာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးစံအောင်က တိုးဂိတ်လူကြီးတွေဆီကို ကိုယ်တိုင်လာပြီး ၀င်လာတဲ့ ဒေါ်စုယာဉ်တန်းက ကားတွေအားလုံးအတွက် ဖြတ်သန်းခအားလုံး ကို ငွေရှင်းပေးလိုက်ရကြောင်း သိရပါတယ်။

ဒီလုပ်ရပ်ကို အကောင်းမြင်ကြသူတွေရှိသလို NLD နဲ့ ဒေါ်စုဟာ သူတို့အမှားနဲ့ သူတို့တွေ စည်းကမ်းမဲ့မှု၊ ဥပဒေ စိုးမိုးမှုမရှိမှု ကို သူတို့ကိုယ်တိုင် ဝန်ခံသွားကြတယ်လို့ သုံးသပ်သူတွေလည်း ရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကားက ဖြတ်သန်းခ မပေးတာကြောင့် နောက်က ကားပေါင်းများစွာကလည်း မပေးခဲ့တာဖြစ်ရာ ကားအားလုံးအတွက် ဖြတ်သန်းခ အားလုံးကို NLD က ရှင်းလိုက်ရပါတယ်။ ယင်းပြဿနာကြောင့် NLD ရဲ့ ဘက်ဂျက်ကို များစွာထိခိုက်စေပြီး Myanmar Express ကိုလည်း မကျေမနပ်ဖြစ်နေကြကြောင်း NLD နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းမှလာတဲ့ သတင်းများအရ သိရပါတယ်။

NLD ခရီးစဉ်မှာ အတူလိုက်သွားတဲ့ မီဒီယာပေါင်း ၁၀၀ လောက်ရှိပေမယ့်
ဒီသတင်းကိုတော့ ဘယ်မီဒီယာကမှ မဖော်ပြပဲ နေခဲ့ကြတဲ့အတွက်လည်း စတုတ္ထမဏ္ဍိုင် ကို ပြည်သူများက ယုံကြည်မှုကင်းမဲ့လာကြောင်းသိရပါတယ်။

မတ်လ (၃) နေ့ကလည်း ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်အ၀ိုင်းကိုမရောက်ခင် ယာဉ်ဖြတ်သန်းခကောက်ခံတဲ့ တိုးဂိတ်မှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ယာဉ်ဖြတ်သန်းခမပေးချေခဲ့တဲ့ အပြင် CEC တွေဖြစ်တဲ့ ဦးခွန်သာမြင့်၊ ဦးကျော်ဆန်း၊ ဦးခင်မောင်၊ ဦးကျော်သူရကိုကို၊ ဦးဇော်မင်းဦး စတဲ့ လူကြီးတွေကလည်း ဥပဒေမသိ၊ စည်းကမ်းမရှိလုပ်ခဲ့ကြပါတယ်။

(Myanmar Express ကြောင့်လို့ခေါင်းစဉ်တပ်ထားပေမယ့် MEG အဖွဲ့သားများသာမက အခြား အမြင်မတော်သူ၊ စည်းကမ်းရှိစေချင်သူ၊ တာဝန်သိသူများရဲ့ မျှဝေ မှုများကြောင့်လည်း ပါဝင်ပါကြောင်း သိစေလိုပါသည်)

                                                                            Myanmar Expressမှကူးယူဖော်ပြသည်....

Saturday, February 25, 2012

ဒေါ်စုကြည်ပြောသော တရားဥပဒေဆိုတာ ဘာလဲ?

မနေမြေမှာ ဒေါ်စုကြည်ဟာ တရားဥပဒေစိုးမိုးရေးရှိမှ စစ်မှန်တဲ.ပြည်ထောင်စု ဒီမိုကရေစီရမယ်လု.ိ ဟစ်ကြွေးခဲ.ပါတယ် သူပြောနေတဲ. တရားဥပဒေ ဆိုတာ ဘာပါလဲ ခုချိန်နိုင်ငံတော်မှာရော တရားဥပဒေဆိုတာ မရှိလု.ိလား?တရားဥပဒေစိုးမိုးရေး တရားဥပဒေစိုးမိုးရေး ခဏခဏ ပြောနေတဲ. NLD ပါတီ ဥက္ကှဌက သူ.ပါတီဝင်တွေ ကျတော. ဥပဒေလိုက်မနာရဘူးလု.ိ ဆိုလိုစေချင်တာလား?

                            ဒီလူတွေက ရော ဥပဒေကို မလိုက်နာရဘူးလား
                          မျက်စိရှေ့မှာ မြင်နေတာတောင် ဘာမှမပြောနိုင်ဘဲ
                                                                                                      Myanmar Expressမှကူးယူဖော်ပြသည်။